မင်းလှမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် အထိမ်းအမှတ် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

မင်းလှ နိုဝင်ဘာ

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် အထိမ်းအမှတ်နှစ်ပတ်လည်နေ့ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သံဃာတော်(၅)ပါး ပင့်ဖိတ်၍ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်းချအမျှတန်းပေးဝေခြင်း၊ ဆွမ်းဆက် ကပ်လှူဒါန်းခြင်းများဖြင့် ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းနိုင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပျော်ပွဲရွှင်ပွဲ Game ကစားခဲ့ကြရာ ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ အခမ်းအနား တတ်ရောက်သော ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးနှင့် စာရေးဝန်ထမ်းတို့အား ဒန်ပေါက်ဗူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)