ရသေ့တောင် နိုဝင်ဘာ ၈
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က အဖွင့်အမှာစကား ပြောကြားပြီးမိမိတို့ ဌာန၏ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ ဌာန၏ သမိုင်းအကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများက ထွေ/အုပ်သမိုင်းကြောင်းများအား အလှည့်ကျဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် အကောင်းဆုံးဝန်ထမ်းအား ဆုလက်ဆောင်များ ချီးမြှင့်ပြီး ထွေ/အုပ်ဝန်ထမ်းအငြိမ်းစားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၂ ခုနှစ်၊ နှစ်စမှစ၍ မည်သည့်ခွင့်မှ ခံစားမှုမရှိသော ဝန်ထမ်းများ၊ တာဝန်ကျေပွန်ဆု၊ အချိန်မရွေး တာဝန်ထမ်းဆောင်ဆု စသည့် ဆုများ၊ ထွေ/အုပ် အငြိမ်းစားဝန်ထမ်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)