သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပဆင်ပေါင်ဝဲမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Nov 10,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြော
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ အ.လ.က (ခွဲ) နဘူးကျင်းကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့နံက်ပိုင်းက စာပေဟောပြောခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ စိုက်ပျိုးထားသော ပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်း
Nov 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မိုးနှောင်းကာလပဲတီစိမ်းများ စိုက်ပျိုးလျက်ရှိကြောင်းနှင့် အထွက်ကောင်းမျိုးများကိုရွေးချယ်စိုက်ပျိုးခြင်းကြောင့် အပင်နှင့်အသီးများ အောင်မြင်ဖြစ်ထွန်းကောင်းမွန်ကြောင်း တောင်သူများထံမှ သိရသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း) သင်တန်းများသို့ တက်ရောက်မည့် သင်တန်းသား/သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်တွေ့ဆုံ
Nov 10,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့ ၅ နှစ် သင်တန်းအမှတ်စဉ်(၁၀)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/ စစ်ကိုင်း) ပထမနှစ်၊ ဝိဇ္ဇာ/ သိပ္ပံနှင့် AGTI သင်တန်းများသို့ တက်ရောက်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘိုကလေးနှင့် မအူပင်)တို့မှ ဇကာတင်ရွေးချယ်ခံထားရသည့် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပွဲအား နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းသား၊သင်တန်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
မိုင်းခတ်၌ တန်ဖိုးသင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး
Nov 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ နိုင်ငံ့ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ  တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက်  ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်ပန်းခြံလမ်းတွင် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင်(အလက)လဟာကလူ၌ ကျင်းပခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများအား ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ပေး
Nov 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျေးလက်ကျန်းမာရေးဌာနမှ အသိပညာပေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်တွင်းကြီးတပ်နယ်မှ အခြေခံစားသောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား စျေးနူန်းသက်သာစွာဖြင့် ရောင်းချပေး
Nov 10,2022
မကွေးတိုင်းဒေသကြီး၊‌‌ တောင်တွင်းကြီးမြို့၊‌ မြို့မအ‌ခြေခံပညာအလယ်တန်း‌ကျောင်းရှေ့တွင် ယနေ့နံနက်(၇)နာရီခွဲအချိန်မှစတင်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်တွင်းကြီးတပ်နယ်မှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု စားဝတ်နေရေးအဆင်ပြေမူရှိစေရေးအတွက် အခြေခံစား‌သောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား စျေးနူန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။