သတင်းများ

ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
Nov 10,2022
ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပဲခူးခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ  ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
မိုးကောင်းမြို့၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေး
Nov 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အ.ထ.က(၁)ကျောင်း မဉ္ဇူသကခန်းမ၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ(၉)ရက် နံနက်(၁၀)နာရီတွင် ကျင်ပခဲ့သည်။
မရမ်းကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Nov 10,2022
စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရန်၊ ယဥ်ကျေးသိမ်မွေ့လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉:၀၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နွားမေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာချဥ်ဖတ်ပြုလုပ်ခြင်းနှင့် ဇိဝမြေသြဇာ ပြုလုပ်ခြင်းသင်တန်း( ၂/၂၀၂၂ ) ဖွင့်ပွဲကျင်းပ
Nov 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တိုင်းဒေသကြီးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နွားမေထုံမဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာ အချဥ်ဖတ်ပြုလုပ်ခြင်းနှင့် ဇိဝမြေသြဇာပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟင်္သာတခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတနှင့်အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ခြင်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက  အခြေခံပညာမူလတန်းကျောင်း (အ.မ.ကသိမ်ကြီးရိုး)သို့ စာဖတ်ရှိန်မြှင့်တင်ရေး မိုလ်ဘိုင်းသုံးဘီးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကမာရွတ်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာ​ပေး​ဟော​ပြောပွဲနှင့် လက်ကမ်းစာ​စောင်များဖြန့်​ဝေ
Nov 10,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်​နေ့ နေ့လယ် (၁၃)နာရီအချိန်က မာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးအောင်၊ မြိုနယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူး စိုးမင်းအောင်၊ ခရိုင်ပညာ​ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ​ကျောင်းအုပ်ကြီးတို့မှ ကမာရွတ်မြို့နယ် အမှတ်(၆) ရပ်ကွက်ရှိ အ.ထ.က (၃)အ​ခြေခံ​ကျောင်း၌ အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတို့အား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပေး ခဲ့ကြပါသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တန်ဆောင်တိုင် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ
Nov 10,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံ တန်ဆောင်တိုင် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်အဝေးခန်းမ၌ ကျင်းပရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။