သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့ မဒေါ့ပင်ကျေးရွာ မိုးစပါးဧက (၁၀၀) စံပြကွက် ရိတ်သိမ်းမှု ကြည့်ရှု့အားပေးပြီး နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် တောင်သူများအား မျိုးစေ့များ ပေးအပ်
Nov 10,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာရှိ မိုးစပါးဧက ၁၀၀ စံပြကွက်ရိတ်သိမ်းမှု အခြေအနေကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကြည့်ရှု့အားပေးပြီး တောင်သူများအား နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့များ ပေးအပ်ခဲ့သည်။
မိုင်းယောင်းတွင် ကထိန်အလှူမင်္ဂလာအခမ်းအနား ကျင်းပ
Nov 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်)ကျောင်း၌ ယမန်နေ့က ကထိန်အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၇၈)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer) ဆက်လက်ထိုးနှံပေး
Nov 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများဖြစ်သည့် အ.မ.က(၃)၊ အ.မ.က(၁၄)နှင့် အ.လ.က(၄)တို့ရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ(၁၇၈)ဦးအား အဆိုပါကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer)ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စုတွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Nov 10,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဒေသခံပြည်သူများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစား သောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ကော့လှိုက်ကျေးရွာအုပ်စုတွင် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ မကူးစက်နိုင်သော ရောဂါ ကုသမှုဆေးခန်း (Non-communicable disease (NCD) Clinic ဖွင့်လှစ်ဆောင်ရွက်
Nov 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မကူးစက်နိုင်သောရောဂါ ကုသမှုဆေးခန်း Non-communicable disease (NCD) Clinic ကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကျိုင်းတုံ) ရုံးတွင် ဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Nov 10,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက ၁၂ရပ်ကွက်နှင့် မီးသတ်ဦးစီးဌာနသို့ သွားရောက် ငှားရမ်းပေးကြသည်။
FDAမှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော ကုန်ပစ္စည်း(၆)မျိုးကို ဈေးဆိုင်များတွင် ရောင်းချမှုရှိ၊ မရှိ ကွင်းဆင်း စစ်ဆေး
Nov 10,2022
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ရှိ ‌ဈေးဆိုင်များတွင် FDAမှ စားသုံးရန်မသင့်ဟု ထုတ်ပြန် ထားသော ကုန်ပစ္စည်း (၆) မျိုး တင်သွင်းရောင်းချခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက သရက်ခရိုင် စားသုံးသူရေးရာဦးစီးဌာန မင်းတုန်းမြို့နယ်တာ၀န်ခံ မြို့နယ်ဦးစီးမှူး ဦးကျော်ရွှေနှင့် သရက်ခရိုင် FDA ဝန်ထမ်းများ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Nov 10,2022
စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ လစဉ် စဉ်ဆက်မပြတ်ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းအား ယမန်နေ့နေ့လယ် ၁ နာရီခွဲအချိန်က ကရင်ပြည်နယ် ကြာဆိပ်ကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ပြုလုပ်ကျင်းပခဲ့သည်။