မိုင်းခတ်၌ တန်ဖိုးသင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

မိုင်းခတ် ​ နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ နိုင်ငံ့ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ  တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက်  ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်ပန်းခြံလမ်းတွင် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ကြက်ဥ၊ ကြက်သား၊ ခေါက်ဆွဲထုပ်၊ ပဒုမ္မာဆပ်ပြာမွှေးခဲ၊ ပန်းကန်ဆေးဆပ်ပြာရည် တို့ကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ပြီး ချဉ်ပေါင်ရွက်၊ ဖရုံရွက်၊ ဂွေးတောက်ရွက်၊ ဖရုံသီး၊ ကန်စွန်းရွက်အပါအဝင် အခြားဟင်းသီးဟင်းရွက်မျိုးစုံတို့ကိုလည်း ရောင်းချပေးခဲ့ရာ ပြည်သူများ လွတ်လပ်စွာဖြင့် လာရောက်ဝယ်ယူနေမှုကိုစစ်ဗျူဟာအဖွဲ့ (အခြေချ)(မိုင်းခတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူးဦးမြင့်စိုးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)