အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်တွင်းကြီးတပ်နယ်မှ အခြေခံစားသောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား စျေးနူန်းသက်သာစွာဖြင့် ရောင်းချပေး

တောင်တွင်းကြီး နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊‌‌ တောင်တွင်းကြီးမြို့၊‌ မြို့မအ‌ခြေခံပညာအလယ်တန်း‌ကျောင်းရှေ့တွင် ယနေ့နံနက်(၇)နာရီခွဲအချိန်မှစတင်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်တွင်းကြီးတပ်နယ်မှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု စားဝတ်နေရေးအဆင်ပြေမူရှိစေရေးအတွက် အခြေခံစား‌သောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား စျေးနူန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဆန်(၁)ပြည် ၁၆၀၀ ကျပ်၊ ဆီ(၅၀)သား ၂၈၀၀ ကျပ်၊ ငါးတစ်ပိဿာ ၅၀၀၀ ကျပ်၊ အမဲသားတစ်ဆယ်သား ၂၀၀၀ ကျပ်၊ ကြက်ဥငါးလုံး ၉၀၀ ကျပ်၊ ကြက်သားတစ်ပိဿာ ၂၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (၅၀)သား  ၈၀၀ ကျပ်၊ ငရုတ်သီးစိမ်း (၅၀) သား ၆၀၀ ကျပ်နှုန်းဖြင့် စျေးနူန်းသက်သာစွာ ရောင်းချပေးခဲ့ပြီး ကြက်သွန်ဖြူ၊ အာလူး၊ ဗူးသီး၊ ဂေါ်ဖီ၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းသီးစသည့် ကုန်ပစ္စည်းများလည်းပါဝင်ကြောင်း သိရသည်။

အဆိုပါအခြေခံစားသောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများလွတ်လပ်စွာဖြင့် ဝယ်ယူလျက်ရှိရာ နယ်‌မြေခံတပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရူ့ကာ လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)