သတင်းများ

လိပ်သိုမြို့တွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ပြုလုပ်
Nov 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီ အချိန်က “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံတွင် မျှင်ငပိရာသီချိန် မျှင်ကျော့ပိုက်လုပ်ငန်းများ အဆင်ပြေ
Nov 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေတွင် နှစ်စဉ် မျှင်ကျော့ပိုက်လုပ်ငန်းများဖြင့် မျှင်ငပိများ ထုတ်လုပ်ရောင်းချလျက်ရှိရာ ယခုနှစ် သီတင်းကျွတ် လဆန်းလောက်မှစတင်၍ မျှင်ကျော့စက်လှေသမားများမှာ ပင်လယ်ပြင်တွင် မျှင်အုပ်များ ရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ငွေဆောင်မြို့တွင် ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားနှင့် နည်းပညာပေးသင်တန်းပို့ချ
Nov 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် နိုဝင်ဘာလ ၈ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က သလပ်ခွာကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဆောင်းသီးနှံနေကြာ စိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့များပေးအပ်ကာ နည်းပညာပေးသင်တန်းပို့ချမှု အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာအုပ်စုနှင့် ငကွကျေးရွာမှ တောင်သူ ၉၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက်
Nov 10,2022
ကချင်ပြည်နယ်အတွင်းမှ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် စိုက်ပျိုးရေး ထုတ်ကုန်များအပါအဝင် မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် ပိုမိုလွယ်ကူ မြန်ဆန်ချောမွေ့စေရေးအတွက် ကုန်စည်တင်/ပို့ယာဉ်များ စနစ်တကျ ကြပ်မတ်ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ကချင်ပြည်နယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူများနှင့် ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
တနင်္သာရီမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ
Nov 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးနံရံကပ်စာစောင်ကို ယမန်နေ့ညနေ (၄) နာရီအချိန်က ပြသ‌ခဲ့သည်။
ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် နှမ်းနက် (ခေါ်) စမုံနက်နှမ်းနက်များ အောင်မြင်ဖြစ်ထွန်း
Nov 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ တောင်သူဦးစောမောင်အေး၏ လယ်မြေတွင် ဝင်ငွေများပိုမိုရရှိနိုင်သည့် နှမ်းနက် (ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ချောင်းဆုံမြို့မအမှတ်(၂)ဈေးရှေ့တွင် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ
Nov 10,2022
ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် (၉)နာရီအချိန်က ချောင်းဆုံမြို့မအမှတ်(၂)ဈေးရှေ့တွင် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် တောင်ထောင့်ကျေးရွာရှိ ဝါစံပြကွက်စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 10,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဝါစိုက်ဧက (၂၂၈၄၆) စိုက်ပျိုးနိုင်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက တောင်ထောင့်ကျေးရွာရှိ ဝါစံပြကွက်စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။