ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြော

ပန်းတောင်း နိုဝင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ အ.လ.က (ခွဲ) နဘူးကျင်းကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့နံက်ပိုင်းက စာပေဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ အ.လ.က (ခွဲ)နဘူးကျင်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်က အလိမ္မာစာမှာရှိသည်နှင့်အညီ စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာများ တိုးတတ်စေသည့်အပြင်၊ စာဖတ်ခြင်းဖြင့် ဉာဏ်ရည် ဉာဏ်သွေးများမြင့်မား​ခြင်း၊ ဖြတ်ထိုးဉာဏ်များထက်မြက်စေခြင်း စသည့်အချက်များနှင့် စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာတိုးတက်စေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထရှိစေရန်နှင့် စာကြည့်တိုက်သို့ သွားရောက်၍ စာပေများလေ့လာ​ဖတ်ရှုစေရန် စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာကို လှိုင်ကြည်ဦးမှ "အရိုးပေါ်အရွက်မဖုံးစေရ" ခေါင်းစဉ်ဖြင့်လည်း​ကောင်း၊ စာရေးဆရာကိုငြိမ်းအေးတို့မှ "လူငယ်နှင့်ရသစာပေ" ခေါင်းစဉ်ဖြင့်လည်းကောင်း သုတ/ ရသ အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)