သတင်းများ

ကျောက်တံခါးမြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ရပ်ကွက်များအတွင်းသို့ စာငှားဝန်ဆောင်မှုဆောင်ရွက်
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုနိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းမြောက်ရပ်ကွက်အတွင်းသို့ စာအုပ်/စာစောင်များကွင်းဆင်း၍ ငှားရမ်းပေးခဲ့သည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်
Nov 10,2022
တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ ၊၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အဆိုပါအသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းအကောင်အထည်ဖော်နိုင်ရေး ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်းချပြရှင်းလင်း
Nov 10,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးအသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ စီးပွားရေးထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်းချပြရှင်းလင်းခြင်းကို ယနေ့နံနက်က(စိုက်ပျိုး၊ မွေးကု၊ ကျေး/လက်၊ သ/မငါးလုပ်ငန်း)ဦးစီးဌာနမှ တာဝန်ရှိသူများသည် (ဘိုးနက်၊ ကညှော်၊ ကော့မုပွန်)ကျေးရွာများသို့ ကွင်းဆင်းခဲ့ကြသည်။
ကမာရွတ်မြို့နယ်တွင် အ​ခြေခံပညာ​ကျောင်းများ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာ​ပေး​ဟော​ပြောပွဲနှင့် လက်ကမ်းစာ​စောင်များ ဖြန့်​ဝေ
Nov 10,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယ​မန်နေ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ပြုလုပ်ရာ ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်-၂ ဦး​အောင်သန်းဝင်းက အဖွင့်အမှာစကား​ပြောကြားပြီး ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးအောင်၊ မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးစိုးမင်းအောင်၊ ခရိုင်ပညာ​ရေးမှုး၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ ​ကျောင်းအုပ်ကြီးတို့မှ ​ဟော​ပြော​ပေးခဲ့ပါသည်။
ဟိုပန်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး”သင်တန်းဖွင့်လှစ်
Nov 10,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှည်းကူးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Nov 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ် နှင့်အထက် ပြည်သူများအား လှည်းကူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်များငှားရမ်းခြင်းဆောင်ရွက်
Nov 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက်  စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့်   စာဖတ်သူများ  အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်ရန် ယနေ့နံနက်(၁၀)နာရီအချိန်က နယ်လှည့် စာကြည့်တိုက်ကို သံတောင်ကြီးမြို့ရပ်ကွက်(၄)၌ ကွင်းဆင်း၍ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ကံမမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားပန်းရံသင်တန်းဖွင့်လှစ်
Nov 10,2022
မကွေးတိုင်း​ဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။