သတင်းများ

ကန်ကြီးထောင့်မြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးချက် အသိပညာပေး ဆွေးနွေးပွဲဆောင်ရွတ်
Nov 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်= လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ မိဘပြည်သူများသို့ အသိပေးချက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။
မြစိမ်းရောင်ကျေးရွာစိမံကိန်းဖြင့် (ဆီထွက်သီးနှံမိုးနေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ချေးငွေထုတ်ချေးမည့် ဒေသခံတောင်သူများအား တွေ့ဆုံဆွေးနွေး
Nov 10,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေဖြင့် (ဆီထွက်သီးနှံမိုးနေကြာ) တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာသို့သွားရောက်ပြီး ဆီထွက်သီးနှံ မိုးနေကြာ စိုက်ပျိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ချေးငွေထုတ်ချေးမည့် ဒေသခံတောင်သူများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Nov 10,2022
နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် စီမံခန့်ခွဲရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လဟယ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း သင်တန်းပို့ချ
Nov 10,2022
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း သင်တန်းပို့ချခြင်းကို ယနေ့မွန်းလွဲ(၁၄)နာရီအချိန် လဟယ်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပပါသည်။
ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းသို့ အသိပညာပေးကွင်းဆင်း ဆောင်ရွက်
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းကအ.မ.က တပ်ကုန်းကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အုတ်ဖိုမြို့တွင် အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဆင့်ပွားသင်တန်းဖွင့်
Nov 10,2022
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က အ.ထ.က အုတ်ဖို အခြေခံပညာအထက်တန်းကျောင်း  ဧရာခန်းမတွင် ကျင်းပခဲ့သည်။
ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 10,2022
အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျီးတော အ.ထ.က(ခွဲ)ကျောင်းခန်းမ၌ ကျင်းပသည်။
ဖောင်းပြင်မြို့နယ်တွင် မွေးမြူရေးအစာအဖြစ် နေဗီယာမြက်များစိုက်ပျိုး
Nov 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပရိုတင်းဓာတ်(အသားဓာတ်) ကြွယ်ဝသည့် နေဗီယာမြက်မျိုးများကို ဖြန့်ဝေပေးခဲ့ရာ ပိုးစာကုန်းကျေးရွာမှ တောင်သူဦးမြင့်ထွန်းက နွားနှင့် ဝက်မွေးမြူရာ၌ ဖြည့်စွက်စာအဖြစ်ကျွေးနိုင်ရန် နေဗီယာမြက်ကို​ စိုက်ပျိုးထားရှိသည်။