ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနိုင်လင်းမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယရဲမှူးဇော်ရဲထက်မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရန်အတွက် တားမြစ်ထားသည့် အချက်အလက်များနှင့် လိုက်နာမှုမရှိခဲ့ပါက ဥပဒအရ အရေးယူဆောင်ရွက်နိုင်သည့် ပုဒ်မများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာပေ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်ရည်ရွယ်ပြီး ယခုကဲ့သို့ အသိပညာပေး(Talk Show) ဆွေးနွေးပွဲများအပါအဝင်၊ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြသခြင်းများ၊ အခြေခံပညာကျောင်းများသို့သွားရောက်ပြီး စာပေသိမှတ်ဖွယ်ရာ နယ်လှည့်အသိပညာပေး ဟောပြောခြင်းများကို အရှိန်အဟုန်မပျက် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)