တောင်သာမြို့ အခြေခံပညာမူလတန်းကျောင်း(ဥယျာဉ်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 21,2022
တောင်သာမြို့မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ဥယျာဉ်) ၌ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနား၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဝဏ္ဏထွန်းမှ လူငယ်နှင့်အားကစား ဆိုင်ရာ အသိပညာများ ဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က လူငယ်နှင့်ပညာရည်မြင့်မားရေးအတွက် ဟောပြောဆွေးနွေးခြင်း စသည်များအား အသီးသီးဟောပြောကြပြီးနောက် အခြေခံပညာမူလတန်းကျောင်း (ဥယျာဉ်)ကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးတင့်လွင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။