ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ ပထမနှစ်(ပထမနှစ်ဝက်)မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ်

သထုံ        နိုဝင်ဘာ      ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ ပထမနှစ်(ပထမနှစ်ဝက်) ကျောင်းသားကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်က အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းက ကျောင်းသားကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဌာနမှူးများနှင့် ပထမနှစ်သင်ကြားမည့် ဆရာဆရာမများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၏ ပထမနှစ်(ပထမနှစ်ဝက်)တွင် (၂၀၂၁-၂၀၂၂)ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူ(၂၀၂)ဦးတို့ ဝင်ခွင့်ရရှိကြပြီး ဆရာဆရာမ(၃၈)ဦးတို့က သင်ကြားပေးသွားမည်ဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့အတွက် (၂၀၂၂-၂၀၂၃)ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် (ဒုတိယနှစ်ဝက်)သင်တန်းများ၊ ပဉ္စမနှစ်(ဒုတိယနှစ်ဝက်) သင်တန်းများနှင့် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသားကျောင်းသူစုစု‌ပေါင်း(၄၉၅)ဦးတို့ တက်ရောက်ကြလျက်ရှိကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)