သတင်းများ

ပုဇွန်တောင်မြို့နယ်ရှိ ကွက်သစ်လမ်းနှင့် အိမ်ကြီးလမ်းရှိ ဈေးများတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် Hand Speaker ဖြင့် အသိပေးနှိုးဆော်
Nov 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏လမ်းညွှန်မှုဖြင့် လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်ဝန်ထမ်းများသည် ယနေ့ နံနက်က လူစည်ကားရာ နေရာများဖြစ်သော ကွက်သစ်လမ်းနှင့် အိမ်ကြီးလမ်းရှိ စျေးများတွင် ပျံကျဈေးသည်နှင့် ဈေးဝယ်များအား Hand Speaker ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျိုင်းတုံမြို့ မူလတန်းကြိုကျောင်း၌ ကမ္ဘာ့ကလေးများနေ့ အခမ်းအနား ကျင်းပ
Nov 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မူလတန်းကြိုကျောင်း၌ (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယမန်နေ့က ကျင်းပသည်။
ရွှေတောင်မြို့နယ်တွင် အခြေခံမဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
ပေါင်းတည်မြို့နယ်တွင် သံဃနာယကနှင့်ဝိနည်းဓိုရ် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Nov 21,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သံဃနာယကနှင့်ဝိနည်းဓိုရ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ညောင်ပင်ကုန်းနှင့်ကင်မွန်းခြုံကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Nov 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ လူထုအခြေပြုဗဟိုဌာန Community  Centre ရုံးခန်းတွင် ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က  ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသော “သောကကင်းစင်ပျော်ရွှင်ချမ်းသာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
တံတားဦးမြို့နယ် ပန်းယျကျေးရွာတွင် ဆောင်းကုလားပဲများ အောင်မြင်ဖြစ်ထွန်း
Nov 21,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဆောင်းရာသီ၌ စိုက်ပျိုးသော ကုလားပဲများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်းသိရသည်။
နတ်တလင်းမြို့နယ်၌ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ
Nov 21,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအား အင်္ဂလိပ်စာစွမ်းရည်နှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(နတ်တလင်း)ကျောင်းနှင့် အ.ထ.က(မြို့မ)ကျောင်းတို့တွင် ကျင်းပခဲ့သည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကျင်းပ
Nov 21,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး အရည်အချင်းပြည့်ဝစေရန်နှင့် ရုံးလုပ်ငန်းများ ပိုမိုကျွမ်းကျင်မှု အရည်အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ ( Community Centre)၌ ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သည်။