သတင်းများ

အုတ်တွင်းမြို့နယ်ပညာ‌ရေးဌာန ဦးဆောင်မှုဖြင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကျင်းပ
Nov 21,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအ‌ထက်တန်းကျောင်း၌ ကျင်းပသည်။
သံဖြူဇရပ်မြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Nov 21,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ယနေ့မှစ၍ စတင်ထုတ်ပေးလျက်ရှိပြီး နေ့စဉ်နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီထိ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။
မိုင်းစံမြို့၌ ရှမ်းနှစ်သစ်ကူးပွဲတော်ဖြစ်ရေး ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံ ဆွေးနွေး
Nov 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပရန်အတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအား ယမန်နေ့ နံနက်(၁၁:၀၀)နာရီအချိန်ခန့်က အမှတ်(၁)ရပ်ကွက်၊ မြို့လယ်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးသွားမည်
Nov 21,2022
ကချင်ပြည်နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဆီမုန်ညှင်း၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာနှင့် အခြားသီးနှံ ပဲမျိုးစုံတို့ကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆီထွက်နှုန်းကောင်းသည့် နေကြာ တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် မြန်မာသတင်းအချက်အလက်နည်းပညာ တက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Nov 21,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏၂၀၂၂-၂၀၂၃ ပညာသင်နှစ်မောင် မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်၏ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Nov 21,2022
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၆ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပလတ်စတစ်အန္တရာယ်အ​ကြောင်း အသိပညာပေး Talk Show ပြုလုပ်
Nov 21,2022
စစ်ကိုင်းတိုင်း​ဒေသကြီးရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယ​နေ့နံနက် ၁၀ နာရီချိန်က ပလတ်စတစ်အန္တရာယ်အ​ကြောင်း အသိပညာပေး Talk Show ပြုလုပ်ကြောင်း သိရသည်။
ကျိုက်မရော မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Nov 21,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေ များကို ယနေ့ နံနက် ၉ နာရီမှစတင်ကာ မြန်မာ့စီးပွားရေး ဘဏ်(ခွဲ)တွင် ပုံမှန်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။