တောင်သာမြို့ အခြေခံပညာမူလတန်းကျောင်း(ဥယျာဉ်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်သာ နိုဝင်ဘာ ၂၁

တောင်သာမြို့မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ  အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက် (၁၀) နာရီအချိန်က  အခြေခံပညာမူလတန်းကျောင်း(ဥယျာဉ်) ၌ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။  အဆိုပါအခမ်းအနား၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဝဏ္ဏထွန်းမှ  လူငယ်နှင့်အားကစား ဆိုင်ရာ  အသိပညာများ ဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က လူငယ်နှင့်ပညာရည်မြင့်မားရေးအတွက် ဟောပြောဆွေးနွေးခြင်း စသည်များအား အသီးသီးဟောပြောကြပြီးနောက် အခြေခံပညာမူလတန်းကျောင်း (ဥယျာဉ်)ကျောင်းမှ ကျောင်းအုပ် ဆရာကြီး  ဦးတင့်လွင်မှ  ကျေးဇူးတင်စကား   ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှမြို့နယ်အားကစားမှူး ဦးဝဏ္ဏထွန်းမှအခြေခံပညာ မူလတန်းကျောင်း(ဥယျာဉ်)အတွက် အားကစားပစ္စည်းများဖြစ်သည့် ဘောလုံး()လုံးနှင့်ခြင်းလုံး ()လုံး  စုစုပေါင်း ငွေကျပ်ငါးသောင်းနှစ်ထောင်တန်ဖိုးရှိသည့် အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရ သည်။

အဆိုပါ  ဟောပြောပွဲသို့  အခြေခံပညာမူလတန်း(ဥယျာဉ်)ကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)