သတင်းများ

တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်တွင် ဆီနှင့်ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်‌ ရောင်းချပေး
Nov 21,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူနိုင်ရန်  ယနေ့နံနက်(၈:၀၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ အောင်မြေလူထုဓမ္မာရုံတွင် အခြေခံစားသောက်ကုန်ဆီနှင့် ကြက်ဥများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆက်တိုက်ပြုလုပ်ဆောင်ရွက်
Nov 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ပွင်းလင်းရာသီရောက်ရှိတော့မည် ဖြစ်သည့်အတွက် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျိုင်းတောင်းနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်တွင် ရပ်ကွက်အတွင်းရှိ အိုးအိမ်များသို့ တစ်အိမ်တကက်ဆင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖျာပုံမြို့၌ (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် "ကမ္ဘာ့ကလေးများနေ့" အခမ်းအနားကျင်းပ
Nov 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မူလတန်းကြိုကျောင်း များမှ (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် "ကမ္ဘာ့ ကလေးများနေ့" အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ရုံးဝန်း အတွင်း ကျင်းပပြုလုပ်သည်။
ပြင်ဦးလွင်မြို့နယ်တွင် အလှပန်းစိုက်ပျိုးခြင်းနှင့် အလှပန်းထိုးခြင်းဆိုင်ရာ လုပ်ငန်းခွင် သင်တန်းဖွင့်လှစ်
Nov 21,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာ၊ စုပေါင်းစိုက်ပျိုးရေးခြံတွင် အလှပန်းစိုက်ပျိုးခြင်းနှင့် အလှပန်းထိုးခြင်းဆိုင်ရာ လုပ်ငန်းခွင်သင်တန်းကို ယမန် နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Kunming Dian Wang Flowers ကုမ္ပဏီလီမိတက်နှင့် မြန်မာနိုင်ငံ Dian Wang Trading ကုမ္ပဏီလီမိတက်တို့၏ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သူနာပြုတက္ကသိုလ် (မန္တလေး)မောင်မယ်သစ်လွင်  ကြိုဆိုပွဲ အခမ်းအနားကျင်းပ
Nov 21,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သူနာပြုတက္ကသိုလ်(မန္တလေး)၏ M2 ခန်းမတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ
Nov 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက် ၈ နာရီကစ၍ (၅၀)ရပ်ကွက်၊ ပန်းသဇင်လမ်းနှင့် နံ့သာမြိုင်လမ်းထောင့်ရှိ သာသနာ့ရောင်ခြည်ဓမ္မာရုံနှင့် (၅၁)ရပ်ကွက်၊ စက်မှုကြွေမြေလမ်းရှိ အုပ်ချုပ်‌ရေးမှူးရုံးဝင်းအတွင်း၌ ဆန်၊ ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအား ရောင်းချပေးခဲ့ကြကြောင်းသိရသည်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်မြစ်အတွင်းသို့ ငါးမြစ်ချင်း သားပေါက်ကောင်ရေ ငါးသိန်းစိုက်ထည့်
Nov 21,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်တိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါင်းလောင်းမြစ်ကမ်း၌ ကျင်းပခဲ့သည်။
ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Nov 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ စာရေးဆရာမခင်စောတင့်၏ "ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။