ပုဗ္ဗသီရိ နိုဝင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) တို့က အကြမ်းဖက်မှုဆိုတာဘာလဲ၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည့် အကြမ်းဖက်မှု ပုံစံများအကြောင်း၊ အကြမ်းဖက်မှုခံရပါက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်နိုင်ပါကြောင်း၊ လူတစ်ဦးတစ်ယောက်ချင်းမှ လူ့အသိုင်းအဝိုင်းတစ်ခုလုံး ထိုမှ နိုင်ငံတော်အထိ ထိခိုက်နိုင်ပါကြောင်းနှင့် နည်းလမ်းမျိုးစုံနှင့် တွေ့ရနိုင်သည့် အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရန် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးခဲ့သည့် အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး Talk Show အပြည့်အစုံကို We Love Pobbathiri Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သားငယ် (ပုဗ္ဗသီရိ )