မိုးနဲ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်ဆုံးရှုံးမှု လျှော့နည်း စေရန်ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မြို့နယ် စည်ပင်သာယာရေးဌာမှ တာဝန်ရှိသူများက မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်း၊ မြိုနယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်ထက်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ရဲစခန်းမှ ဒုတိယရဲအုပ်စန်းမင်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များက မြို့မဈေးတွင် ဈေးဆိုင်ခန်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရုတ်တရက်မီးလောင်မှုနှင့်ကြုံတွေ့ပါက မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နိုင်ရန် အသုံးပြုပုံများနှင့် ဝါယာကြိုးများမှတစ်ဆင့် မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့် အချက်များကို ဈေးရောင်းသူပြည်သူများအား ရှင်းလင်းခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးသတ်ရေငုတ်၊ ရေလှောင်ကန်များစစ်ဆေးခြင်း၊ မီးပေါ့ဆမှုမရှိစေရန် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)