သတင်းများ

ဝါးခယ်မမြို့နယ်၌ အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်
Nov 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ဝါးခယ်မမြို့နယ် စည်ပင်သာယာရေး ကော်မတီအစည်းအဝေးခန်းမ၌ ဝါးခယ်မမြို့နယ်အတွင်းရှိ အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်(မြိတ်)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Nov 21,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကဘင်းကျေးရွာရှိ နည်းပညာတက္ကသိုလ်(မြိတ်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့နံနက်(၁၀)နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပခဲ့သည်။
ပင်းတယမြို့ ကျားကုန်းကျေးရွာ၌ ငရုပ်သီးခြောက်လုပ်ငန်းဖြင့်အဆင်ပြေ
Nov 21,2022
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျားကုန်းကျေးရွာအုပ်စုနှင့် ကျုံးကျေးရွာအုပ်စုရှိကျေးရွာများတွင် ငရုပ်သီးခြောက် (ဒေသအခေါ်စပ်သီးခြောက်)လုပ်ငန်းဖြင့် စီးပွါးရေးလုပ်ငန်းများဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Nov 21,2022
ပေါက်ခေါင်း     နိုဝင်ဘာ     ၂၁ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်  ၁၀  နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Nov 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့တို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်ရုံးတွင် ဝန်ထမ်းများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 21,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ရုံးတွင် ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေး (ဒါဘာ)ကို ယနေ့နေ့လယ် ၁ နာရီအချိန်က  မြို့နယ်လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
တာမွေမြို့နယ်တွင် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Nov 21,2022
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာ လုပ်ငန်းများဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီး တာမွေမြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီ(ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန) မြို့နယ်တာဝန်ခံရုံး၌ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Nov 21,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အကျုံးဝင်သူပြည်သူများ မကျန်ရှိစေရေး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။