ကြံခင်း နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့ နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် တာဝန်ရှိသူ များက ပင်စင်လစာလာရောက်ထုတ်သူ ပင်စင်စားများ စနစ်တကျထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ပင်စင်စားလာရောက် ထုတ်ယူသူဦးရေ (၁၁၅၆)ဦးရှိပြီး နိုင်ငံရေးပင်စင်စား(၈၇)ဦး၊ မြို့ပြပင်စင်စား(၇၇၄)ဦး၊ ကာကွယ်ရေးပင်စင်စား (၂၈၄)ဦး၊ ဘဏ်ပင်စင်စား(၁၁)ဦး ရှိကြောင်းနှင့် ပင်စင်ထုတ်ယူရာ၌ အဆင်ပြေစေရန် နိုဝင်ဘာလ(၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ၊ နေ့စဉ်ရုံး ဖွင့်ရက်များတွင် နံနက်(၆)နာရီမှ နေ့လယ်(၂)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့ စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)