သတင်းများ

 သာစည်မြို့နယ်၊ မကျီးကန်ကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးအတွက် ဒေသခံမိဘပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Nov 25,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ မကျီးကန်ကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံမိဘပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း ဆက်လက်သင်ကြား
Nov 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို သရက်ချောင်းမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်သင်ကြားပေးလျက်ရှိသည်။
သရက်ချောင်းမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း ဆက်လက်သင်ကြား
Nov 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို သရက်ချောင်းမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်သင်ကြားပေးလျက်ရှိသည်။
သာကေတမြို့နယ်ရှိ နွမ်းပါးသည့်ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အခြေခံစားသောက်ကုန် များအားဆက်လက် ရောင်းချပေး
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ဆက်လက်ရောင်းချပေးလျက်ရှိရာ ယနေ့မနက်(၈:၀၀)အချိန်က ရှု့ခင်းသာရပ်ကွက် သာသနာ့ပါလသာသနာ့ဗိမာန်ဓမ္မာရုံတွင်
ဒေးဒရဲမြို့၌ ယာဉ်အန္တရာယ်ကင်ရှင်းစေရေး အနှေးယာဉ်နှင့် ရေစည်ရေလှည်းများတွင် ရောင်ပြန်စတစ်ကာများ တပ်ဆင်ရေး အသိပညာပေးဆောင်ရွက်
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာနယ်နိမိတ်အတွင်း ပြေးဆွဲလျက်ရှိသည့် အနှေးယာဉ်များတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး ဟောပြောခြင်းနှင့် ရောင်ပြန်စတစ်ကာ များ တပ်ဆင်အသုံးပြုစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကမာနတ်၌ လူငယ်စကားဝိုင်း ကျင်းပ
Nov 25,2022
လူငယ်များဘက်စုံ   ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးမြို့အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကမာနတ်ရှိ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့၌ ဆီထွက်သီးနှံဆောင်းနေကြာမျိုးစေ့ချ ကွင်းသရုပ်ပြပွဲကျင်းပ
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော ဆီထွက်သီးနှံဆောင်း နေကြာ တစ်ကွင်းတစ်စပ်တည်း နေကြာ (၁၀)ဧက စံပြကွက်အား စက်မှုလယ်ယာအစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီတွင် ဖက်သောင်ကျေးရွာအုပ်စု တောင်သူဦးရွှေထူး၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ခြေတုလက်တုအဟောင်းများအား အခမဲ့ဖြင့် ပြန်လည်ပြုပြင်တပ်ဆင်ပေးခြင်းကွင်းဆင်းဆောင်ရွက်
Nov 25,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ နယ်လှည့်အစီအစဉ်ဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ခြေတုလက်တု အသုံးပြုနေသူများအား အခမဲ့ပြုပြင်တပ်ဆင်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။