သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တည်ဆောက်ရေး လုပ်ငန်းနေရာများအား ကြည့်ရှုစစ်ဆေး
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်နေပြည်သူများ သွားလာမှုလမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်စေရေး၊ ရေစီးရေလာများ ကောင်းမွန်စေရေးစသည့်  မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးအတွက် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လာမည့်(၂၀၂၃-၂၀၂၄) ဘဏ္ဍာ‌ရေးနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လျာထားလုပ်ငန်းနေရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့နံနက် ၁၀ နာရီက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Nov 25,2022
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့မွန်းလွဲ ၁ နာရီက မိုဘိုင်းစနစ်ဖြင့် အရာထမ်း/အမှုထမ်းများအား စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ဘောလုံးနည်းပြ သင်တန်းဖွင့်လှစ်
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ လူငယ်များ ဘောလုံးကစားခြင်းကို စနစ်တကျ ရှိစေရန်ရည်ရွယ်၍ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော MFF.D/ AFC.C လိုင်စင် ဘောလုံးနည်းပြသင်တန်းကို (ည) ရပ်ကွက်၊ ဘုမ္မာ(၁၂)လမ်းတွင် ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
ဘိုကလေးပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ/မများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ တက်ရောက်
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် နိုဝင်ဘာ(၃)ရက်နေ့မှစတင်၍ တိုင်းရင်းသား ဘာသာစကားသင် ဆရာ/မများ အရည်အသွေးမြှင့် အထောက် အကူပြုဆွေးနွေးပွဲသင်တန်း စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ နံနက်(၉)နာရီတွင် အဆိုပါ သင်တန်းဆင်းပွဲ ကျင်းပရာ သင်တန်းဆင်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။
ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Nov 25,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဝန်ထမ်းများလုပ်ငန်းဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် လုပ်ငန်းစနစ်များ Standard Operating Procedure (SOP) စာအုပ်ဖြင့်ယနေ့ မွန်းတည့် ၁၂  နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ ဝန်ထမ်းများက  စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
ရွှေတောင် မြို့တွင် စိုက်ပျိုးရေးတောင်သူများ ပြောင်းဖူးပင် စိုက်ပျိုးခြင်းဖြင့် အဆင်ပြေ
Nov 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အလေးထားလုပ်ကိုင်လျက်ရှိရာ ယခုအခါဒေသခံ တောင်သူများ ပြောင်းဖူးပင် စိုက်ပျိုးခြင်းဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်
Nov 25,2022
မွန်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက မော်လမြိုင် ပညာရေးဒီကရီကောလိပ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ရော်ဘာအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက်
Nov 25,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာနိုင်ငံ၏ အဓိကစက်မှုကုန်ကြမ်းထွက်ကုန်တစ်ခုဖြစ်သည့် ရော်ဘာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးနိုင်စေရန်ရည်ရွယ်၍ ရော်ဘာအထွက်နှုန်း တိုးတက်ရေးနှင့်အရည်အသွေးမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ငွေမိုးဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ တက်ရောက်ခဲ့သည်။