သရက်ချောင်း နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို သရက်ချောင်းမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် သရက်ချောင်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးလင်းက ထိခိုက်ဆုံးရှုံးနိုင်ခြေဆန်းစစ်ချက် ထိခိုက်ဆုံးရှုံးနိုင်ခြေအပေါ်နားလည်စေရန် ရှင်းလင်းခြင်း၊ ကြိုတင်သတိပေးစနစ်အပေါ် ခြုံငုံနားလည်စေရန်ရှင်းလင်းခြင်း၊ ဘေ းအန္တရာယ်တုံ့ပြန့် ဆောင်ရွက်ချက်များအကြောင်းကို စာတွေ့/လက်တွေ့နည်းများဖြင့် သင်ကြားပေးခဲ့ကြောင်းသိရ သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်နန်းခလိုက်ရှုက သင်တန်းသား/သူများအား သတင်းရေးသားထုတ်ပြန်ရာတွင် လိုက် နာရမည့်ကျင့်ဝတ်စည်းကမ်းများ၊ သတိပြုရမည့်အချက်များနှင့်သဘာဝဘေး အန္တရာယ်ကြုံတွေ့ လာလျှင်အချိန်နှင့်တပြေးညီ သတင်းပေးပို့နိုင်ရန် မည်သို့ဆောင်ရွက်ရမည်ကို ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး အဆိုပါသင်တန်းကို နိုဝင် ဘာလ ၂၃ရက်နေ့မှ ၂၅ရက်နေ့အထိ နံနက် ၈နာရီခွဲ ၄နာရီခွဲ အချိန်ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)