သံဖြူဇရပ် နိုဝင်ဘာ ၂၅
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ နယ်လှည့်အစီအစဉ်ဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ခြေတုလက်တု အသုံးပြုနေသူများအား အခမဲ့ပြုပြင်တပ်ဆင်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ထို့အပြင် ခြေတုလက်တုအကြီးစားပြင်ဆင်မူများ၊ အသစ်လဲလှယ်ရန် လိုအပ်သူများကို ပြန်လည်ပြုပြင်ပေးပြီး ယင်းနယ်လှည့်ခြေတုလက်တုပြုပြင်ရေး အစီအစဉ်သည် နှစ်စဉ်နှစ်တိုင်း မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ဆောင်ရွက်ပေးပြီး နောက်နှစ်တွင်လည်းလာရောက် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အဆိုပါအစီအစဉ်များကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်းတို့တွင် အခမဲ့ပြုပြင်မူများကို နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိကြောင်း နယ်လှည့်တာဝန်ခံဦးထွန်းထွန်းအောင်ထံမှ သိရသည်။
အေးအေးသီး(ပြန်/ဆက်)