မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သော နိုင်ငံ့၀န်ထမ်းများအတွက် ဆေးကုသစရိတ်ထောက်ပံ့ငွေပေးအပ်
Nov 25,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျန်းမာရေး၀န်ကြီးဌာန မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့်နိုင်ငံ့၀န်ထမ်းများ၏ အခန်း ကဏ္ဌမြှင့်တင်ပေးနိုင်ရန်အတွက် နိုင်ငံ့၀န်ထမ်းများကို သင့်လျော်သည့် ခံစားခွင့်ရရှိအောင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့သော နိုင်ငံ့၀န်ထမ်းများအတွက် ထပ်ဆောင်းကုန်ကျခဲ့သောဆေးကုသ စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မော်လမြိုင်ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။