သုံးခွမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( Community Centre)ခန်းမတွင် စာဖတ်ပရိတ်သတ်များ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး၊ စာပေမှအသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာပေမှရရှိသောဗဟုသုတများအား အချင်းချင်းအသိပညာများ မျှဝေတတ်စေ ရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က စာရေးဆရာ ဟိန်းလတ် "ရေးသားသည့်" အောင်မြင်လျှောက်လှမ်း နည်းလမ်းအသွယ်သွယ်" (သို့မဟုတ်) ဘ၀အောင်မြင်ရေးမှတ်စုများ စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။