သာကေတမြို့နယ်ရှိ နွမ်းပါးသည့်ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အခြေခံစားသောက်ကုန် များအားဆက်လက် ရောင်းချပေး

သာကေတ နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ဆက်လက်ရောင်းချပေးလျက်ရှိရာ ယနေ့မနက်(၈:၀၀)အချိန်က ရှု့ခင်းသာရပ်ကွက် သာသနာ့ပါလသာသနာ့ဗိမာန်ဓမ္မာရုံတွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆီ၊ ကြက်ဥများအား ရောင်းချပေးရာ၌ အိမ်ထောင်စု(၁)စုလျှင် ဆီ ၅၀ ကျပ်သားလျှင် ငွေကျပ် ၂၂၅၀ နှုန်းနှင့် ကြက်ဥ ၁ လုံး ငွေကျပ် ၁၇၅ ကျပ်နှုန်းဖြင့် ကြက်ဥ(၅)လုံး(၈၇၅)ကျပ်တို့ကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချရာ၌မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စွာဝင်း၏စီမံကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး၊ ပရဟိတလူမှုကူညီရေးအသင်းများပူပေါင်း၍ စျေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေးအတွက် စနစ်တကျဆောင်ရွက်ခဲ့ကြသည်။

သာကေတမြို့နယ်၌ အခြေခံစားသောက်ကုန်များစျေးနှုန်းသက်သာစွာဖြင့် ရောင်းချရာ၌ စားဝတ်နေရေးအခက်အခဲရှိသည့် ရပ်ကွက်(၁၉)ရပ်ကွက်ရှိ ပြည်သူများ ကျန်ခဲ့မှုမရှိစေရေးအတွက်စနစ်တကျကြီးကြပ်၍ ဆက်လက်ရောင်းချပေးမည် ဖြစ်ကြောင်းသိရှိရသည်။

ဇာဇာချစ်ဦး (ပြန်/ဆက်)