သတင်းများ

လှိုင်မြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး နေ့စဉ်ရောင်းချပေး
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို  ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ လှိုင်မြို့နယ်တွင်လည်း အမှတ်(၃)ရပ်ကွက်၊ (၁၁)လမ်း၊ ရပ်ကွက်ဓမ္မာရုံတွင် ယနေ့နံနက် ၀၉:၀၀ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းမြေအသုံးချရေး၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးဌာနခွဲ၌ မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ နည်းပညာပေးသင်တန်းနှင့် တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲ ပြုလုပ်
Nov 25,2022
စိုက်ပျိုးရေးဦးစီးဌာနမှ ရေးဆွဲထုတ်ပြန်ထားသော ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများ သိရှိစေရန်နှင့် စိုက်ပျိုးရေး အရောင်းဆိုင် တောင်သူများထံသို့ နည်းပညာများကို လက်ဆင့်ကမ်း အသိပညာပေးနိုင်ရန်တို့အား ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းမြေအသုံးချရေး၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးဌာနခွဲ၌ မြေဩဇာ
ဒဂုံမြို့နယ်အမှတ်(၃) အ​ခြေခံပညာအလယ်တန်း​ကျောင်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်၁၀ နာရီက  အမှတ်(၃)အ​ခြေခံပညာအလယ်တန်း​ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့ မြို့မအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Nov 25,2022
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၊ စုပေါင်းခန်းမ၌ကျင်းပခဲ့သည်။
ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/ကလေးငယ်များအား ပြိုင်ပွဲများကျင်းပ
Nov 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်း သား/ကလေးငယ်များအား ပြိုင်ပွဲများကျင်းပခြင်းကို ယမန်နေ့ ညနေ ၃နာရီက ပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့ စည်ပင်သာယာဈေးကြီးမီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများစစ်ဆေးဆောင်ရွက်
Nov 25,2022
ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ကာလသို့ရောက်ရှိပါသောကြောင့် ပြည်သူများ၏နေအိမ်အဆောက်အဦများ၊ ဈေးဆိုင်များနှင့်သာသနိကအဆောက်အဦများ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် ပေါက်ခေါင်းမြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများအဖွဲ့က ကြိုတင်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညပိုင်းက မြို့မစည်ပင်သာယာဈေးကြီးအတွင်း၊ အပြင်ရှိ ဈေးဆိုင်များအား စစ်ဆေးပြီး ဈေးဆိုင်ခန်းပိုင်ရှင်များအား မီးဘေးအန္တရာယ်အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်တွင် ဆီနှင့်ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်‌ ရောင်းချပေး
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်  ယနေ့နံနက်(၈:၀၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန် ဆီနှင့် ကြက်ဥများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် မြို့နယ်မီးသတ်တပ်ဖွဲ့ရုံး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၂) ဆင်းပွဲအခမ်းအနား ကျင်းပ
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မြို့နယ်မီးသတ်တပ်ဖွဲ့ရုံး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)အချိန်က အဆိုပါရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ ဒလမြို့နယ် ဌာနဆိုင်ရာမှအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သင်တန်းသားများတက်ရောက်ကြကြောင်း သိရသည်။