ဒေးဒရဲ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာနယ်နိမိတ်အတွင်း ပြေးဆွဲလျက်ရှိသည့် အနှေးယာဉ်များတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး ဟောပြောခြင်းနှင့် ရောင်ပြန်စတစ်ကာ များ တပ်ဆင်အသုံးပြုစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန တာဝန်ရှိသူများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက အနှေးယာဉ်များနှင့် ရေစည်ရေလှည်းများတွင် ရောင်ပြန်စတစ်ကာများ တပ်ဆင်ပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာနိုင်စေရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အေဇာလင်း