သတင်းများ

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်
Nov 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေနံနက်ပိုင်းက  ကျင်းပပြုလုပ်ခဲ့သည်။
နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ
Nov 25,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကေတုမတီမြို့သစ်၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့က  တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမတွင်  ကျင်းပသည်။
ကျောက်ဖြူမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်
Nov 25,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာ၌ မိုးစပါးစံကွက်(၀.၁၀)ဧကရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ဂုံးချွိန်ကျေးရွာအုပ်စု၊ လယ်ဒါပြင်ကွင်း တောင်သူဦးမောင်ဝေ၏လယ်မြေတွင် ဆောင်ရွက်ခဲ့သည်။
မိုးညှင်းမြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ (၁၁/၂၀၂၂) လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 25,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၁၁/၂၀၂၂)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မဲပေးပိုင်ခွင့်ရရှိရေး ပြည်သူများပူးပေါင်းပါဝင်ရေး အသိပညာပေး Talk Show ကျင်းပ
Nov 25,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ မဲပေးပိုင်ခွင့်ရရှိရေး ပြည်သူများပူးပေါင်းပါဝင်ရေး အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက  ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Nov 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ်တွင် လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ
Nov 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးရန်ပုံငွေ၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေများဖြင့် ဆောင်ရွက်ပေးခဲ့သည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများနှင့် ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ၏ လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲနှင့် O&M သင်တန်းပို့ချခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)အချိန်၌ ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင်  ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။