တောင်ကုတ် နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်းသီးနှံမျိုးစေ့ထုတ်စမ်းသပ်ကွက်စံပြစိုက်ပျိုးကြမည့် တောင်သူများသို့ ဆောင်းသီးနှံမျိုးကောင်းမျိုးသန့် မျိုးစေ့များပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးက အမှာစကားပြောကြားပြီး နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက မျိုးစေ့ထုတ်စမ်းသပ်စံပြကွက်အတွက် မျိုးစေ့များထောက်ပံ့ရသည့်ရည်ရွယ်ချက်များနှင့် ဆောင်းသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ရေးတို့အတွက် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် တာဝန်ရှိသူများက ဆောင်းသီးနှံစမ်းသပ်စံပြကွက်စိုက်ပျိုးထုတ်လုပ်ကြမည့် ကျေးရွာအုပ်စု(၁၉)စုမှ တောင်သူ(၃၀)ဦးသို့ မြေပဲ၊ နေကြာ၊ နှမ်းနှင့် ပဲမျိုးစုံ မျိုးစေ့များကို ထောက်ပံ့ပေးအပ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)