ကြံခင်း နိုဝင်ဘာ ၂၉
ဧရာဝတီဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ချင်းမြောင်အုပ်စု ဘုရားနီတောင်အခြေခံပညာ မူလတန်းကျောင်းတွင် School Milk Program အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူလေးများအား ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန် အရိုးအဆစ် သန်မာစေရန် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက နွားနို့နှင့် ကြက်ဥများတိုက်ကျွေး ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုက ကျောင်းသား၊ ကျောင်းသူများအား School Milk Program အစီအစဉ်ဖြင့် နွားနို့၊ ကြက်ဥတိုက်ကျွေးခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုနှင့် တာဝန်ရှိသူများ၊ ဘုရားနီတောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်တို့က ကျောင်းသား၊ ကျောင်းသူ(၁၀၁)ဦးအား နွားနို့ပိသာအချိန်(၁၅၀)နှင့် ကြက်ဥအလုံး(၁၂၀) တိုက်ကျွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)