ဝါးခယ်မ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဝါးခယ်မမြို့နယ် ဘဏ်ခွဲသို့ ယနေ့နံနက် ၁၀ နာရီအချိန်တွင် တောင်သူများအချိန်စေ့ ကြွေးကျန်များ လာရောက် ပေးဆပ်လျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ တောင်သူများ အချိန်စေ့ကြွေးကျန်များလာရောက် ပေးဆပ်ရာတွင် အချိန်စေ့ ကြွေးကျန်များ ပြန်လည် ပေးဆပ်ပြီးသူများအား ၂၀၂၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် နွေစပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြစ်လည်းကောင်း၊ ပဲမျိုးစုံတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် လည်းကောင်း ပြန်လည်ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးရည်မွန်ထံမှ သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)