သတင်းများ

ကျောင်းသားလူငယ်များအား စာပေဗဟုသတများလေ့လာဖတ်ရှုနိုင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များစနစ်တကျငှါးရမ်းပေး
Nov 29,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူလေးများအား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ၊ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် စာဖတ်စာငှါးပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား စနစ်တကျငှါးရမ်းပေးလျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ 
Nov 29,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ကသာမြို့အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ 
မြို့နယ်အဆင့်အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား လူရည်ချွန်ရွေးချယ်ပွဲ ကျင်းပ
Nov 29,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်ဘက်စုံထူးချွန်သည့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က ကျိုက်မရောကျောင်း၌ ကျင်းပပြုလုပ်သည်။
ဖျာပုံမြို့၊ မြို့မစျေး(၃)ထပ် အထပ်မြင့်စျေး ပြန်လည်တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Nov 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ အမှတ်(၂)ရပ်ကွက် မြို့မစျေး(၃)ထပ် အထပ်မြင့်စျေးရုံ အသစ်ပြန်လည်တည်ဆောက်ရန် တင်ဒါအောင်မြင်ခဲ့သည့် Royal lnnovative Construction ကုမ္ပဏီမှစတင် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ (၂၈)ရက်နေ့ နံနက် (၈)အချိန်က ဖျာပုံမြို့မြို့မစျေးသစ် ဆောက်လုပ်မည့်နေရာတွင် ပြုလုပ်သည်။
စဉ့်ကူးမြို့တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး
Nov 29,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။
ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
Nov 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်များရွေးချယ်ရေး စစ်ဆေး
Nov 29,2022
နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအရင်းမြစ်များ ဖြစ်ထွန်းလာစေရေးအတွက် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်များ ရွေးချယ်ရေးစစ်ဆေးခြင်းကို အထက(၁)ကျောင်း၌ နိုဝင်ဘာ(၂၈)ရက်နံနက် (၉)နာရီတွင် ကျင်းပသည်။
သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့်ဘက်စုံလူရည်ချွန်ပြိုင်ပွဲဆန်းစစ်ချက် စာမေးပွဲဖြေဆို
Nov 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ဘက်စုံထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အလယ်တန်း၊ အထက်တန်းမြို့နယ် အဆင့်ဘက်စုံလူရည်ချွန်ပြိုင်ပွဲ ဆန်းစစ်ချက်စာမေးပွဲစတင်ဖြေဆိုခဲ့သည်။