ပေါက်တောမြို့၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အခမ်းအနားကျင်းပ

ပေါက်တော နိုဝင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ(၃)နေ့တွင်ရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အခမ်းအနားကို ရွှေမင်းသား ဖေါင်ဒေးရှင်း(မြန်မာ)နှင့် မိတ်ဆက်အဖွဲ့အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်မသန်စွမ်းသူများအသင်း ဘဏ္ဍာရေးမှူး ပေါက်တောမြို့နယ် မသန်စွမ်းသူများဥက္ကဋ္ဌ ဦးသန်းဝင်းချေ ကြီးကြပ်၍ ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်သည်။

အခမ်းအနားတွင် ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပေါက်တောမြို့နယ် မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဦးသန်းဝင်းချေမှ အခမ်းအနားသို့တက်ရောက်လာကြသည့် မသန်စွမ်းသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သည့် မသန်စွမ်းသူများအားမသန်စွမ်းသော်လည်း စိတ်ဓါတ်မကျဘဲ ကိုယ့်အားကိုယ်ကိုးနိုင်စေရန်အတွက် နိုင်ငံတော်မှအသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပေးလျက်ရှိသည့်အတွက် တက်ရောက်သင်ကြားလိုသူများအား ကူညီပေးစေလိုကြောင်း အခမ်းအနားသို့တက်ရောက်လာကြသည့် မသန်စွမ်းသူများကို ကျေးဇူးတင်စကားပြောကြားပြီးနောက်၊ မသန်စွမ်းသူများအဆိုပြိုင်ပွဲ၊ အပ်ခြေထိုးပြိုင်ပွဲ၊ မိတ်ကပ်လိမ်းအလှပြင်ပြိုင်ပွဲများ ကျင်းပပေးကြပြီး ပြိုင်ပွဲဝင်သူများကို တာဝန်ရှိသူများမှ ပထမ၊ ဒုတိယ၊ တတိယ ဆုများပေးအပ်ချီးမြှင့်ခြင်း၊ ဆုမရရှိသူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မသန်စွမ်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)