ဥတ္တရသီရိ နိုဝင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက စတင်ဖြေဆိုကျင်းပခဲ့သည်။
အဆိုပါ လူရည်ချွန်စာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်း ဘာသာရပ်တို့ဖြင့် (၃)ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ယမန်နေ့နံနက်ပိုင်းက မြန်မာစာဘာသာရပ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade9တွင် ကျောင်းသား/ကျောင်းသူ (၂၇)ဦး၊ Grade-10တွင် ကျောင်းသား/ကျောင်းသူ (၁၀)ဦး၊ Grade-11တွင် ကျောင်းသား/ကျောင်းသူ(၉)ဦး စုစုပေါင်း(၄၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
လူရည်ချွန်စာမေးပွဲအား အမှတ်(၁၂) အခြခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုနှင့် အထက်တန်းပြဆရာ၊ ဆရာမတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူများမှ ခရိုင်အဆင့်အတွက် အတန်းတစ်တန်းလျှင် ကျောင်းသားတစ်ဦး၊ ကျောင်းသူတစ်ဦးနှုန်းဖြင့် စုစု ပေါင်း(၆)ဦး ရွေးချယ်ကာ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း (ပြန်/ဆက်)