ကသာမြို့၌ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အမျိုးသားအလွတ်တန်းဘော်လီဘောပြိုင်ပွဲ ပြုလုပ်

ကသာ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုဖြစ် ရည်ရွယ်၍ အမျိုးသားအလွတ်တန်းဘော်လီဘော ပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီခွဲအချိန်က မြို့နယ် မီတာ(၂၀၀)အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အမျိုးသားအလွတ်တန်း ဘော်လီဘော ပြိုင်ပွဲကို နိုဝင်ဘာ (၂၉)ရက်နေ့တွင် အဖွင့်ကစားပွဲအဖြစ် ဆန်းစတား(ခ)အသင်းနှင့် ဆန်းစတား(က)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဆန်းစတား(က)အသင်းက အနိုင်ရရှိခဲ့သည်။  

အဆိုပါ အမျိုးသားအလွတ်တန်းဘော်လီဘော အားကစားပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်များမှ ဘော်လီဘောအသင်း (၅)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၎င်းအသင်းများအနေဖြင့် ပတ်လည်ပွဲ ကစားသွားမည်ဖြစ်ကြောင်း၊ ရမှတ်အများဆုံးရရှိမည့် အသင်းနှစ်သင်းအား ဒီဇင်ဘာလ (၂)ရက်နေ့တွင် ဗိုလ်လုပွဲပြုလုပ် သွားမည်ဖြစ်ကြောင်း၊  ဆုရရှိသည့်အသင်းကို ဒိုင်းဆု၊ ငွေသားဆုနှင့်  လယ်ဆွဲတံဆိပ် ဆုများအသီးသီးချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ဖြိုးမွန်စံထံမှ သိရသည်။

ကျော်စွာ(ကသာ)