ကော့ကရိတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခြေခံသတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်

ကော့ကရိတ် နိုဝင်ဘာ ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက အခြေခံသတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်က သတင်းများရယူထုတ်ပြန်ရာတွင်  မြေပြင်အခြေနေပေါ်မူတည်၍ လုပ်ငန်းဆောင်ရွက်ချက်များ မိမိတို့နယ်မြေဒေသအလိုက် ထူးခြားဖြစ်စဉ်များ၊ အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လှုပ်ရှားဆောင်ရွက်မှုများကို သတင်းစာသားနှင့် ဓာတ်ပုံများဖြင့်ဖော်ပြပေးခြင်း၊ သတင်းဗီဒီယိုရိုက်ကူးခြင်းများ ဆောင်ရွက်လျက်ရှိသောကြောင့်  သတင်းရေးသားနည်း ပညာရပ် များသည် လက်တွေ့နယ်ပယ်တွင် အရေးပါသည့် ဌာနလုပ်ငန်းဖြစ်သည့်အတွက် စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း ဝန်ထမ်းများအနေဖြင့် သတင်းစာများဖတ်ကြရန်လိုအပ်ကြောင်း Zoom Meeting ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ 

ထိုနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ပြောကြားပြီး သင်တန်းနည်းပြ (၃)ဦးတို့က ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအတွင်းရှိ ခရိုင်ရုံး၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရုံး သင်တန်းသား/သူ(၁၄)ဦးတို့အား သတင်းရယူနည်း၊ သတင်းတည်ဆောက်နည်း၊ သတင်းရေးသားနည်း၊ သတင်းထောက်များ လိုက်နာရမည့် အချက်(၁၀)ချက်  သတင်းရင်းမြစ်များရှာဖွေခြင်း သတင်းကောင်းတစ်ပုဒ်၏တန်ဖိုး၊ သတင်းရေးသားရာတွင် သတိပြုရမည့်အချက်၊ သတင်းတည်းဖြတ်ရာတွင် အလေးထားရမည့် စံသတ်မှတ်ချက်များနှင့် မိုဘိုင်းဖုန်းဖြင့် ကင်မရာအသုံးပြုနည်း၊ စာတွေ့လက်တွေ့ သင်ကြားပို့ချကြောင်း သိရသည်။

အဆိုပါသင်တန်းကို နိုဝင်ဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၃ဝ ရက်နေ့အထိ ၂ ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)