ပေါက်ခေါင်း နိုဝင်ဘာ ၂၉
အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ထက်မြက်ပြီး ကျန်းမာကြံ့ခိုင်ကာအကျင့်စာရိတ္တကောင်းမွန်၍ အထွေထွေဗဟုသုတများနှင့်ပြည့်စုံသောကျောင်းသားလူငယ်များဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက်ပိုင်းကစတင်၍ ပေါက်ခေါင်းမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ပေါက်ခေါင်း)၌ ကျင်းပဖြေဆိုခဲ့ကြောင်း သိရသည်။
လူရည်ချွန်စာမေးပွဲတွင် နိုဝင်ဘာ ၂၈ ရက်နေ့က မြန်မာစာဘာသာနှင့်အင်္ဂလိပ်စာဘာသာကိုလည်းကောင်း၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် အထွေထွေဗဟုသုတဘာသာရပ်ရေးဖြေနှင့် နှုတ်ဖြေဖြေဆိုရပြီး နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို ဆက်လက်ဖြေဆိုကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလူရည်ချွန်စိစစ်ရွေးချယ်ပွဲသို့ မြို့နယ်ပညာရေးမှူးဦးအေးလှိုင်နှင့် လက်ထောက်ပညာရေးမှူးတို့မှကြီးကြပ်၍ Grade-9 မှ ကျား(၁၂)ဦး၊ မ(၁၂)ဦး၊ Grade-10 မှ ကျား(၈)ဦး၊ မ(၈)ဦးနှင့် Grade-11 မှကျား(၈)ဦး၊ မ(၇)ဦးတို့မှ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)