စစ်တွေမြို့၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

စစ်တွေ    နိုဝင်ဘာ ၂၉

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်စိုးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအားအသိပညာ ပေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းမာဦးနှင့် ဦးမြင့်စိုးတို့က မသန်စွမ်းသူနှင့် မသန်စွမ်းအမျိုးအစားများ၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမ္ဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း UNCRPD ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာနှင့်ပတ်သက်ပြီး မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနမှဆောင်ရွက်ပေးနေမှုများ၊ ပြည်သူများသိသင့်သိထိုက်သည့်အချက်များနှင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်း သူများနေ့အထိမ်းအမှတ်အကြောင်း စသည့် အကြောင်းအရာများကို အသိပညာပေးဆွေးနွေး ပြောကြားကြသည်။

စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအားအသိ ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ရုံးစာကြည့်တိုက်များတွင် စာအုပ်၊ စာပေများ အားအခမဲ့ ငှားရမ်းပေးခြင်း၊ ပြည်သူများအသိပညာဗဟုသုတ ရရှိစေမည့် အစီအစဉ်များကို Online မှတစ်ဆင့် ထုတ်လွှင့်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

တင်ထွန်း