ကျိုက်မရော၌ ဆောင်းနေကြာစိုက်ပျိုးမည့်တောင်သူများသို့ နေကြာသီးနှံမျိုးစေ့ပေးအပ် ပွဲကျင်းပ

ကျိုက်မရော  နိုဝင်ဘာ  ၂၉

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် စီမံကိန်းဆီထွက်သီးနှံ  ဆောင်းနေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ကျေးလက်နေပြည်သူလူထုများ စားသုံးဆီဖူလုံမှုရရှိစေရန်နှင့် နေကြာဆီထွက်သီးနှံ စိုက်ဧကပြည့်မီရေးအတွက် ဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်  ၉ နာရီက နောင်လုံကျေးရွာ နေကြာစိုက်ကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးလှတင်မောင်က ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မှုနှင့် မျိုးစေ့များ၏ အရည်အသွေးလက္ခဏာများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဆောင်းနေကြာသီးနှံ စိုက်ပျိုးမည့်တောင်သူ(၃၂၀)ဦးတို့အား နေကြာမျိုးအိတ်များကို တစ်ဧကလျှင် တစ်အိတ်နှုန်းဖြင့် ရေဆင်း-၁ စပ်မျိုးနေကြာစေ့အိတ်(၇၀၀)အား ကျေးရွာအုပ်စုများအလိုက် ထောက်ပံပေးအပ်ခဲ့သည်။

ကျိုက်မရောမြို့နယ်အနေဖြင့်  ဆီရိက္ခာဖူလုံမှုကို အထောက်အကူဖြစ်စေရန်  ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် လျာထားဧက(၁၀၅၀)ဧကတွင် စိုက်ပျိူးပြီး နေကြာဧက ၁၁၈ ဧကရှိကြောင်းနှင့် မျိူးစေ့အိတ် ၉၀၀ အား အမှန်တကယ်စိုက်ပျိူးမည့် တောင်သူများထံ ပေးအပ်ထားပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ချေးငွေများနှင့် နယူးရီးယားဓါတ်မြေသြဇာအိတ်များကိုပါ ထောက်ပံပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးလှတင်မောင်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)