ရာသီတုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အိမ်တိုင်ရာရောက်အဘိတ်ဆေးခပ်ခြင်းကွင်းဆင်းဆောင်ရွက်

ဖားဆောင်း   နိုဝင်ဘာ   ၂၉

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ နန်းဟူးကုန်းကျေးရွာတွင် ယနေ့နံနက် ၈ နာရီအချိန်က တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အိမ်တိုင်ရာရောက်အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းကို မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမဒေါ်တင်မိုးသက်မှဦးဆောင်၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများအား အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအဘိတ်ဆေးခပ်ကျန်းမာရေးအသိပညာပေးခြင်းဆောင်ရွက်ရာတွင် အမျိုးသမီးကျန်းမာရေးဆရာမဒေါ်တင်မိုးသက်က ရေပုပ်ရေတိုးများ၊ ရေဆိုးကျင်းများ၊ ရေအိုးရေကန်များနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ရန်လိုကြောင်း၊ စာသင်ကျောင်းနှင့်လုပ်ငန်းခွင်များတွင် နေထိုင်သူများအနေဖြင့် ရာသီတုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကျန်းမာရေးကိုဂရုပြုနေထိုင်ရန်လိုကြောင်း၊ ၎င်းရောဂါကိုထိရောက်စွာထိန်းချုပ်ကာကွယ်နိုင်ဖို့ လူတစ်ဦးချင်းအနေဖြင့် လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ တစ်ဦးတစ်ယောက်တွင် တုပ်ကွေးရောဂါဖြစ်ပွားနေကြောင့် သံသယရှိပါကကျန်းမာရေးဌာနနှင့်ဆေးရုံဆေးခန်းတို့တွင် အမြန်ဆုံးသတင်းပေးပို့ပြီး ကုသမှုခံယူသင့်ကြောင်းအသိပညာပေးပြောကြားပြီး နန်းဟူးကုန်းကျေးရွာရှိ အိမ်ခြေ(၃၀)အိမ်အား အိမ်တိုင်ရာရောက်အဘိတ်ဆေးခပ်ပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)