ဥတ္တရသီရိ နိုဝင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှု ကျူးလွန်ခံရသည့် အသက်အရွယ်နှင့်အကြမ်းဖက်မှု၏ ဆိုးကျိုးများ၊ အကြမ်းဖက်မှု တွေလျော့ချဖို့ ဆောင်ရွက်ရမည့်နည်းလမ်းများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် အတွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အစီအစဉ် အပြည့်အစုံကို We Love Ottarathiri Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)