ပေါင်းတည်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ပေါင်းတည် နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ(မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ)ဦးမျိုးသန့်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်နွယ်နွယ်ဦးက ပေါင်းတည်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကာအကွယ်ပေးမှု လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူးဒေါ်ခင်နှင်းနှင်းယုက မြို့နယ်အတွင်းလုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည်တင်ပြခဲ့ပြီးကော်မတီဝင်များ၏ သိရှိလိုသည့်မေးမြန်းချက်များကို တာဝန်ရှိသူများက ဖြေကြားပေးခဲ့ကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)