ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံတောင် နိုဝင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့တို့တွင် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက အမှတ်(၂၆)ရပ်ကွက်  ပုလဲရတနာလမ်းရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် အသက် ၅ နှစ်မှ ၁၅ နှစ်အထိ ကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ  အသက် ၁၈ နှစ်အထက်ပြည်သူများအား အပတ်စဉ် အင်္ဂါနေ့တိုင်းနှင့် အသက်(၅)နှစ်မှ (၁၅)နှစ်အထိ ကျောင်းနေနှင့် ကျောင်းနေပြင်ပ ကလေးများအား  အပတ်စဉ် သောကြာနေ့တိုင်း မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးပြီး အမှတ် (၅၆)ရပ်ကွက် ဒေသန္တရဆေးခန်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကာကွယ်ဆေး ထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမရှိစေရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊  စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြောင်း သတင်းရသည်။

သက်မင်းဟန်(ပြန်/ဆက်)