ကျောက်တံတားမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းကျင်းပ

ကျောက်တံတား နိုဝင်ဘာ ၂

ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းညှိနိူင်း အစည်းအဝေး ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိက လုပ်ငန်းကြီး(၇)ရပ်ကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့ပြီး သိလိုမှုများကို တက်ရောက်လာသော ဌာနဆိုင်ရာ ဝန်ထမ်းများမှ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)