သတင်းများ

သထုံခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေပွဲ(Talk Show) ပြုလုပ်
Dec 02,2022
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု၊ သထုံတို့ပူးပေါင်းကာ ယနေ့နံနက်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show)အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း   အစည်းအ‌ဝေး ကျင်းပပြုလုပ်
Dec 02,2022
ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ အတွင်းအရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဥက္ကဋ္ဌများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ပဲခူးမြို့တွင် စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ် ကျင်းပ
Dec 02,2022
စားသုံးသူပြည်သူများ မိမိတို့ရရှိမည့်အခွင့်အရေးများနှင့် ကုန်အညွှန်းအမှတ်အသားကို သိရှိစေရန်ရည်ရွယ်၍ “ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Dec 02,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် နွေစပါးစိုက်ပျိုးဧက( ၄၂၉၀၈ )ကျော် အောင်မြင်ဖြစ်ထွန်း
Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ စိုက်ပျိုးထားသော နွေစပါးများ စနစ်တကျစိုက်ပျိုးထားရာ စိုက်ဧက(၄၂၉၀၈)အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့၌ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
Dec 02,2022
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်နေတောင်သူများ၏ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရန် ယမန်နေ့က ကျုံဖိုက်ကျေးရွာရှိ မွေးမြူရေးခြံများတွင် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးသည်။
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်
Dec 02,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆီးပေးနိုင်ရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က တောင်တွင်းကြီးမြို့နယ် ဂျုတ်ကုန်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုပညာပေး(Talk Show)ပြုလုပ်
Dec 02,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး ဒီဇင်ဘာ(၁)ရက်နေ့ မွန်းလွဲ(၂)နာရီက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအသိပညာပေး(Talk Show)ကို ကျင်းပပြုလုပ်သည်။