ကန့်ဘလူမြို့၌ စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များအား ရောင်းချပေးလျက်ရှိ
Dec 02,2022
ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက် ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ကန့်ဘလူမြို့နယ် စည်ပင်သာယာခန်းမ၌ ဒီဇင်ဘာ ၂ ရက် နံနက် ၇ နာရီက စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။